Posts

Showing posts from September, 2021

ဝက်ခြံပျောက်ဖို့ ပျားရည်ကိုဘယ်လိုအသုံးချကြမလဲ

Image
  ဝက်ခြံတွေဆိုတာ အရည်ပြားပေါ်မှာရှိတဲ့ မွှေးညှင်းပေါက်တွေနဲ့ အဆီထုတ်ပေးနိုင်တဲ့ ဂလင်းတွေ ရောင်ရမ်းတတ်တဲ့ အရေပြားရောဂါတစ်မျိုးပါ။ အရေပြားပေါ်မှာအထူးသဖြင့် မျက်နှာပေါ်မှာ ဝက်ခြံဖုတွေနဲ့ ပြည်ဖုလေးတွေ ပေါက်လာတာကိုခေါ်ပါတယ်။ ပျားရည်ဟာ နည်းလမ်းပေါင်းများစွာနဲ့ ဝက်ခြံတွေဖြစ်မလာအောင် သေချာပေါက် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်ဆိုတာ ဝက်ခြံတေ ွပျောက်စေရုံသာမကဘဲ အခြားအလှအပပြဿနာတွေကိ ုဖြေရှင်းပေးနိုင်တဲ့ သဘာဝရဲ့ လျှို့ဝှက်အလှကုန်ပစ္စည်းတစ်ခုပါပဲ။ သူ့မှာ သဘာဝပိုးသတ်နိုင်တဲ့ အာနိသင်၊စေးကပ်ကပ်သဘာဝ၊ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ၊ ရောင်ရမ်းခြင်းမဖြစ်စေတဲ့အရာ၊ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ၊ အစိုဓါတ်ဖြည့်ပေးနိုင်စွမ်း၊ ရေဆွဲနိုင်စွမ်း (osmotic effect)နဲ့ လျင်မြန်စွာ ကုသပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ ဒီအရာတွေက ဝက်ခြံကုသရာမှာအခြားအရာတွေထက် ပိုပြီးထိရောက်လျင်မြန်စွာနဲ့ သဘာဝကျကျ အကျိုးရှိရှိ ကုသပေးနိုင်ပါတယ်။ ဝက်ခြံတွေကုသနိုင်ဖို့ ပျားရည်ကဘယ်လိုလုပ်ဆောင်ပေးသလဲ။ ပျားရည်ဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုသတ်ပေးတဲ့ သဘာ၀ ပိုးသတ်ဆေးအဖြစ် လုပ်ဆောင်ပေးပါတယ်။ ပျားရည်မှာဒဏ်ရာထဲမှာရှိတဲ့ ရေတွေကိုစုပ်ပေး